သိသမျှကော်ပီလေးတွေ

၂၁ ရာစု သိပ္ပံ ‘ဆင်နာဂျီ’ နှင့် လူငယ်

ယခု ၂၁ ရာစုမှာ သိပ္ပံပညာရပ်ဆိုင်ရာ တော်လှန်ရေး သုံးခု ရှိပါတယ်။ (၁) ကွမ်တမ် တော်လှန်ရေး၊ (၂) မော်လီကျူး ဇီဝဗေဒ တော်လှန်ရေး၊ (၃) ကွန်ပျူတာတော်လှန်ရေး တို့ပါပဲ။

ထိုသုံးခုကို ဒြပ်ပစ္စည်း၊ အသက်နဲ့ အသိဥာဏ် တို့ကို လေ့လာခြင်းလို့လည်း ခေါ်ပါတယ်။ တစ်နည်းအားဖြင့် အက်တမ်၊ မျိုးရိုးဗီဇနဲ့ ကွန်ပျူတာ လို့လည်း အကျဉ်း ခေါ်ကြပါတယ်။ ၂၁ရာစုရဲ့ သိပ္ပံခေတ်မှာ ထိုသုံးခုကို တီးမိခေါက်မိမထားရင် ခေတ်နောက်ကျ ကျန်ရစ်ရပါလိမ့်မယ်။ ၀ိဇ္ဇာ သိပ္ပံပညာတွေကို မျှတစွာ လေ့လာသလိုပဲ၊ သိပ္ပံဆိုင်ရာမှာ ထိုသုံးခုကို အထူးလေ့လာရမှာ ဖြစ်ပါတယ်။

အတိတ်တစ်ချိန်က ဘာသာရပ်ဆိုင်ရာ နယ်ပယ်တွေဟာ တစ်ခုနဲ့တစ်ခု ပုတ်ခတ်ပြောဆို နှိမ့်ချခဲ့တာတွေ ရှိခဲ့ဖူးပါတယ်။ ပုဂ္ဂိုလ်ရေးနဲ့တော့ မဟုတ်ပါ။ ဥပမာ၊ ရူပဗေဒက သင်္ချာကို ခိုင်းစားနေတာလို့ ဆိုခဲ့သလို၊ သင်္ချာကလည်း ၄င်းသာမရှိရင် ရူပဗေဒ အမှုန့်ဖြစ်သွားမယ်လို့ ဆိုခဲ့ပါတယ်။ ဓာတုဗေဒကို နားသွားပြီလို့ ဆိုခဲ့ပြန်တယ်။

ထိုအပြောမျိုး အယူအဆမျိုးတွေကို ယခုအချိန်မှာ လက်မခံတော့ပါ။ ဘာသာရပ်တွေ အားလုံးဟာ တစ်ခုတည်းသော ဘာသာရပ်ကြီးရဲ့ ကိုင်းခွဲအဖြစ် လက်ခံပေါင်းစည်းသွားပါပြီ။ အဲဒီလို ပေါင်းစည်းတာကို ‘ပေါင်းစုအင်အား’ (Synergy) လို့ ခေါ်ပါတယ်။ ဆင်နာဂျီ ဟာ ဒုတိယတော်လှန်ရေး ဖြစ်တဲ့ မော်လီကျူး ဇီဝဗေဒအတွက် ပေါင်းစုကြိုးပမ်းရင်း အောင်မြင်ခဲ့မှု ဖြစ်ပါတယ်။

ထူးခြားမှုကတော့ ဇာတ်လမ်းရဲ့ အစဟာ ရူပဗေဒပညာရှင် ‘ရှရိုးဒင်းဂျား’ က ၁၉၉၄ ခုနှစ်မှာ ဖြန့်ချိခဲ့တဲ့ ‘အသက်ဟူသည် အသို့နည်း’ (What is Life?) ဆိုတဲ့ စာအုပ်ကြောင့်ပါပဲ။ အသက်ဆိုတာကို ဆဲလ်တစ်ခု အတွင်းမှာပါဝင်တဲ့ မော်လီကျူးတွေရဲ့ မျိုးရိုးဗီဇ လျှို့ဝှက်သင်္ကေတ (Genetic Code) တွေနဲ့ ရှင်းပြနိုင်တယ်လို့ သူက ဆိုခဲ့ပါတယ်။

နောက် ‘အသက်’ ရဲ့ လျှို့ဝှက်ချက်ကို ‘ကွမ်တမ် သီအိုရီ’ သုံးပြီး သူက ရှင်းပြခဲ့တာပါ။ ပညာရှင်လောကမှာ အုတ်အော်သောင်းတင်း ဖြစ်ပြီး အလေးတယူ လေ့လာခဲ့ကြရတာပါ။

သူ့ရဲ့ စာအုပ်ကို ဖတ်ရှုပြီး ဥာဏ်ကွန့်မြူးခဲ့သူတွေကတော့ ဇီဝဗေဒပညာရှင် ဂျိမ်းဝပ်ဆင်နဲ့ ရူပဗေဒပညာရှင် ဖရန်စစ်ခရစ် တို့ပါ။

သူတို့နှစ်ဦးရဲ့ ပူးပေါင်းသုတေသန စူးစမ်းမှုကနေ DNA (Deoxyribonucleic Acid) လို့ ခေါ်တဲ့ အသက်ဇီဝရဲ့ အခြေခံမော်လီကျူးကို X ရောင်ခြည်လှိုင်းတွေနဲ့ လေ့လာနိုင်ခဲ့ကြပါတယ်။ ကြောင်လိမ်လှေခါး ပုံစံရှိတဲ့ ထိုမော်လီကျူးရဲ့ သဘာဝကို အက်တမ်ပုံစံတွေ ပါဝင်ပြီး၊ ဓာတ်စီးအား ဓာတ်စီးထောင့်တွေကို ကွမ်တမ်သီအိုရီ အကူအညီနဲ့ တိတိကျကျ ဖော်ပြနိုင်ခဲ့ကြပါတယ်။

HIV ဗိုင်းရပ်စ်ပိုးတစ်ခုရဲ့ ရှုပ်ထွေးတဲ့ မော်လီကျူး တည်ဆောက်ပုံတွေ၊ များပြားလှတဲ့ ဗိုင်းရပ်စ်တွေ၊ ဆဲလ်တစ်ခုတည်းမှာရှိတဲ့ ဘက်တီးရီးယားလေးတွေ၊ တဆေးတွေရဲ့ DNA လျှို့ဝှက်ချက်တွေကို တစ်ခုခြင်း သင်္ကေတခွဲခြား ဖော်ပြနိုင်ခဲ့ပါပြီ။ အထက်ဖော်ပြပါ ပညာရှင်နှစ်ဦးဟာ နိုဘယ်လ်ဆုကို ထိုက်ထိုက်တန်တန် ရရှိခဲ့ကြပါတယ်။

နောက်ပိုင်း သူတို့ ဦးဆောင်ပြီး ‘လူသား ဗီဇစု စီမံကိန်း’ (Human Genome Project) ဆိုပြီး ကြိုးပမ်းခဲ့ကြပါတယ်။ ယခု စာစုက ထိုအချက်ကို ရည်ရွယ်တင်ပြချင်တာပါ။ အဲဒီ စီမံကိန်းကို ၂၀၀၅ ခုနှစ်မှာ ပြီးရမယ်လို့ ဆုံးဖြတ်ခဲ့ပေမဲ့၊ စောပြီး ၂၀၀၃ ခုနှစ်မှာ လုံးဝပြီးမြောက် အောင်မြင်ခဲ့ပါတယ်။

ထူးခြားချက်ကတော့ ထိုအောင်မြင်မှုရဖို့အတွက် ဇီဝဗေဒ၊ ရူပဗေဒ၊ သင်္ချာ၊ ဓာတုဗေဒနဲ့ ကွန်ပျူတာ ပညာရှင်တွေ ပေါင်းစည်းကြိုးပမ်းခဲ့ခြင်း ပါပဲ။ ဒါကြောင့် ဒီကနေ့ ဘာသာရပ် တစ်ခုနဲ့တစ်ခု နှိမ့်ချ ပြောဆိုခြင်းဆိုတာ မရှိတော့ပါ။ သိပ္ပံနယ်ပယ်မှာ ဘာသာရပ်တွေ ပေါင်းစည်းခဲ့ပါပြီ။

ထိုပေါင်းစည်းခြင်းအပေါ်မှာ ဒဿနတွေးခေါ်ပညာရှင်တွေကလည်း ထပ်ဆင့်တွေးခေါ်ပြီး အတွေးအခေါ်သစ်တွေ ထုတ်ဖော်ခဲ့ကြပါတယ်။ ဒါကြောင့် ၀ိဇ္ဇာ သိပ္ပံပညာတွေ ပေါင်းစည်းမိတဲ့ ‘ဆင်နာဂျီ’ နဲ့ ပညာအနာဂတ်ကို ချီတက်ကြပါတော့မယ်။

ရာသီဥတုတွေ ဖောက်ပြန်နေတယ်။ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးကိစ္စကို အရေးပေး ဆောင်ရွက်လာကြတယ်။ ဒီအတွက် ဘာသာရေးဆိုင်ရာ အမှန်တကယ်ကြိုးပမ်းမှုတွေ တစ်ဖက်ကရှိသင့်သလို၊ ၀ိဇ္ဇာ သိပ္ပံပညာတွေကိုလည်း လူငယ်တွေ အမှန်တကယ် လေ့လာဆည်းပူးရင်း လောကကို စောင့်ရှောက်ဖို့ ပြင်ဆင်ကြရပါမယ်။ အထူးသဖြင့် ၂၁ ရာစုကို ဦးဆောင်မယ့် လူငယ်တွေဟာ ‘ဆင်နာဂျီ’ သိပ္ပံပညာကိုလည်း နားလည်အောင် လေ့လာသင့်ပါတယ်။

ယခု မောက္ခ မဂ္ဂဇင်းကနေ သိပ္ပံတော်လှန်ရေး သုံးခုနဲ့ လူငယ်တွေ လေ့လာသင့်တာကို အနှစ်ချုပ် တင်ပြလိုက်ရပါတယ်။ ကြုံကြိုက်တဲ့အခါ ထပ်မံအကျယ်ဖွင့်ပြီး ဆွေးနွေးပါဦးမယ်။

စိုးစိုး (အင်္ဂပူ)

“တက္ကသိုလ်ကျောင်းသား ကိုသန့်--”-

ကိုသန့်သည် ၁၉၂၆ ခုနှစ်တွင် ပန်းတနော်အမျိုးသားအထက်တန်းကျောင်းမှ ဆယ်တန်းစာမေးပွဲကို အောင်မြင်ပြီး ရန်ကုန်တက္ကသိုလ်သို့ ဆက်လက်တက်ရောက် ၍ အထက်တန်းပညာရပ်များကို ဆည်းပူးလေ့လာ ခဲ့သည်။

ကိုသန့်သည် ၀ိဇ္ဇာပညာရပ်များကိုယူပြီး ရန်ကုန်တက္ကသိုလ်တွင် ကျောင်းအိပ်ကျောင်းစားနေ၍ ပညာ သင်ကြားခဲ့သည်။ သူနေသော ပထမဆုံးကျောင်းဆောင်မှာ ရန်ကုန်တက္ကသိုလ်ရိပ်သာ ပြည်လမ်းပေါ်တွင်ရှိသော တကောင်းကျောင်းဆောင်ဖြစ်သည်။

တကောင်းကျောင်းဆောင်တွင် နေထိုင်၍ လေးလကြာသောအခါတွင် ကိုသန့်သည် ပုဂံကျောင်းဆောင်သို့ ပြောင်း၍နေသည်။ ပုဂံကျောင်းဆောင်တွင်လည်း လေးလနေပြီးနောက် မေအောင် ကျောင်းဆောင်သို့ ပြောင်းသည်။

မေအောင်ကျောင်းဆောင်ဆိုသည်မှာ ယခုရွှေတိဂုံဘုရားလမ်းမှ ဆန်းကဖီးဟိုတယ်နှင့် ကပ်လျှက်ရှိသော အဆောက်အဦးဖြစ်သည်။ ထိုအချိန်က ယင်းအဆောက် အဦးကို မေအောင်ကျောင်းဆောင်ဟု ခေါ်၍ ရန်ကုန်တက္ကသိုလ်မှ ငှားရမ်းအသုံးပြုပြီး ကျောင်းအိပ်ကျောင်းစား ကျောင်းသားများကို ထားရှိခြင်းဖြစ်သည်။ ကိုသန့်သည် ရန်ကုန်တက္ကသိုလ်တွင် ပထမနှစ် ဥပစာတန်း သင်တန်းချိန်ကုန်ဆုံးခါနီးရောက်မှ မေအောင်ကျောင်းဆောင်သို့ ပြောင်းရွှေ့နေခြင်းဖြစ်သည်။

ထိုအချိန်က မေအောင်ကျောင်းဆောင်၏ လက်ထောက်အဆောင်မှူးမှာ နောင်အခါတွင် ကျောက်စာဝန် ဦးလူဖေ၀င်း (မဟာဝိဇ္ဇာ)အဖြစ် ထင်ရှားလာမည့် ဆရာ ဦးလူဖေ၀င်းပင်ဖြစ်သည်။ ဆရာ ဦးလူဖေ၀င်းနှင့် တက္ကသိုလ်ကျောင်းသားကြီး ကိုသန့်တို့သည် ကျောင်းဆောင်တစ်ခုတည်းတွင် ဆရာနှင့်တပည့် အဖြစ်လာ ရောက်တွေ့ဆုံကြသည်။ ဆရာဦးလူဖေ၀င်းမှာ နောင်အခါတွင် မဟာဝိဇ္ဇာအောင်ပြီး မြန်မာစာတွင် ရွှေတံဆိပ်ရသူဖြစ်လေသည်။

ကိုသန့်သည် ပထမနှစ် ဥပစာတန်း ပြီးဆုံး၍ ဒုတိယနှစ်ဥပစာတန်းသို့ တက်ရောက်သင်ကြားရပြန် သောအခါ မေအောင်ကျောင်းဆောင်မှာပင် ဆက်လက်နေထိုင် ခဲ့သည်။ ထိုစဉ်က ကိုသန့်၏ တက္ကသိုလ် အပေါင်းအသင်းများမှာ ကိုမျိုးမင်း (ယခု အင်္ဂလိပ်စာ ပါမောက္ခဟောင်း၊ ၀ိဇ္ဇာသိပ္ပံတက္ကသိုလ်၊ ရန်ကုန်)၊ ကိုရွှေမရ (အိုင်စီအက်စ် ဦးရွှေမရ)၊ ပျဉ်းမနား ကိုစိုးသိန်း (မိတ္ထီလာ အမျိုးသားအထက်တန်းကျောင်းအုပ်ကြီး) တို့ဖြစ်လေသည်။ ကိုသန့်နှင့် ချစ်ခင်ပေါင်းသင်းကြသော မိတ်ဆွေသင်္ဂဟအများပင်ရှိကြသော်လည်း ထိုသူများသာ ကိုသန့်နှင့်တပူးတွဲတွဲ ခင်မင်စွာနေကြသူများဖြစ်သည်။ ကိုသန့်နှင့် အရင်းနှီးဆုံးသူငယ်ချင်းများ လည်း ဖြစ်သည်။

ထိုအခါတွင် ကိုသန့်ထက် အတန်းကြီးသော မိတ်ဆွေများဖြစ်သည့် တက္ကသိုလ်ကျောင်းသားကြီးများ ဖြစ်သော ကိုနုနှင့် ကိုထင်အောင်တို့မှာ ကိုသန့်ထက် ၂ နှစ် စောပြီး ရန်ကုန်တက္ကသိုလ်သို့ ရောက်နေခဲ့ကြပြီး ဖြစ်လေသည်။

သူတို့သည် တက္ကသိုလ်ကျောင်းတော်တွင် နေထိုင်ရင်း ပညာဗဟုသုတဆွေးနွေးညှိနှိုင်းခြင်း၊ စာပေ မွေ့လျော်သူများဖြစ်သဖြင့် မြန်မာစာပေအတွက် လေ့လာ ဆွေးနွေးခြင်းများ ပြုခဲ့ကြသည်။

ကိုထင်အောင်ကား နောင်အခါတွင် ရန်ကုန်တက္ကသိုလ်ပါမောက္ခချုပ် ဒေါက်တာထင်အောင်အဖြစ်နှင့် နှစ်ပေါင်းများစွာ အမှုထမ်းခဲ့ပြီးလျှင် မြန်မာစာပေလောကနှင့် ပါတ်သတ်သည့် စာအုပ်များကို အင်္ဂလိပ်ဘာသာ ဖြင့်ရေးသားထုတ်ဝေခဲ့သော ကမ္ဘာသိစာရေးဆရာတစ်ဦးဖြစ်ခဲ့သည်။

ဦးသန့်

ကိုနုကား စစ်ကြိုခေတ်က နဂါးနီစာအုပ်တိုက်ထွက် စာရေးဆရာများတွင် နာမည်ကျော်စာရေးဆရာ တစ်ဦးဖြစ်ခဲ့သည်။ သူရေးသော စာအုပ်များထဲတွင် `ရက်စက် ပါပေ့ကွယ်´စာအုပ်မှာ လူကြိုက်များသည်။ စစ်ပြီးခေတ်တွင် ဂျပန်ခေတ်အတွေ့အကြုံများကို ဖော်ပြသော `ငါးနှစ်ရာသီ ဗမာပြည်´စာအုပ်၊ `လူထု အောင်သံ´ ပြဇာတ်များကိုလည်း ရေးခဲ့ပြန်သည်။ မြန်မာနိုင်ငံလွတ်လပ်ရေးရပြီးနောက် ပထမဆုံး ၀န်ကြီးချုပ် လည်းဖြစ်ခဲ့သည်။

ကိုသန့် တက္ကသိုလ်ရောက်လာသည့်အချိန်က ရန်ကုန်မြို့မှာ ဗြိတိသျှ ဗြူရိုကရေစီစနစ်ကြီး အင်အား ကြီးမားစွာ ထွန်းကားနေချိန်ဖြစ်သည်။

ရန်ကုန်တွင် ကုက္ကိုင်းရေကူးကန်ကလပ်၊ ဂျင်မခါနာကလပ်၊ ပဲခူးကလပ်ဟူ၍ နိုင်ငံခြားသား မျက်နှာဖြူ များ၏ကလပ်အသီးသီးရှိခဲ့သည်။ ထိုကလပ်အသီးသီးမှာ အထက်တန်းလွှာများနှင့် မျက်နှာဖြူအရာရှိကြီးများ ကြီးစိုးလျှက်ရှိသည်။ အခြားကောလိပ်ကျောင်းသားကြီးများသည် တရုတ်ပျော်ပွဲစားရုံများ၌ ပျော်ပါးလည်ပတ် နေစဉ်တွင် ကိုသန့်သည် စာအုပ်ပုံထဲ၌သာ ပျော်မွေ့နေခဲ့၏။ သူသည် ထိုဟိုတယ်များကို တက်ရောက်ပျော်ပါးရန်အတွက် တက္ကသိုလ်သို့လာခဲ့သည်မဟုတ်၊ သုံး ရန်ဖြုံးရန်လည်း ငွေပိုမပါလာ။ သုံးရန် ဖြုန်းရန်လည်းဆန္ဒမရှိပေ။

သူတို့တစု၏ အချစ်ဆုံးတက္ကသိုလ်ဆရာတစ်ဦးမှာ ဗြိတိသျှသမိုင်းဆရာ ဒီဂျီအီးဟောလ် ဖြစ်၍၊ သူသည် အနောက်ဥရောပရာဇ၀င်ကို သင်ကြားသော ကထိက တစ်ဦးဖြစ်ခဲ့သည်။

ဆရာဟောလ်သည် ကိုသန့်၊ ကိုနုစသော ကျောင်းသားကြီးများကို ခင်မင်သည်။ သူတို့သည် ဆရာကောင်းတပည့်များဖြစ်ကြောင်း ပြောပြလေ့ရှိသည်။

ကိုသန့်သည် ရန်ကုန်တက္ကသိုလ်တွင် အင်္ဂလိပ်ဘာသာနှင့် မြန်မာဘာသာတို့ကို ပင်ရင်းဘာသာ အဖြစ်သင်ကြားရ၏။ ထို့ပြင် မြန်မာအနု စာပေသမိုင်းနှင့် သင်္ချာ၊ လောဂျစ်ဘာသာတို့ကိုလည်း အပိုဘာသာ အဖြစ်သင်ယူရသည်။

တက္ကသိုလ်တွင်နေစဉ် ကိုသန့်သည် အ၀တ်အစားကို ပပလွှားလွှားကြွားကြွားမော်မော် ၀တ်လေ့ မရှိပေ။ သို့သော်အကျီ င်္လုံချည်များကို သေသေသပ်သပ်နှင့် ဖြူဖြူစင်စင် ၀တ်ဆင်လေ့ရှိသူဖြစ်၏။

သူ့အမူအရာမှာ အမြဲအေးအေးဆေးဆေးဖြစ်သည်။ ထို့ပြင်သူသည် အမြဲလန်းလန်းဆန်းဆန်း ပျော်ပျော်ရွှင်ရွှင်နေတတ်သူလည်း ဖြစ်လေသည်။

ကိုသန့်အပြောအဆို အမူအရာမှာ အလွန်နူးည့သိမ်မွေ့၍ လူကြီးလူကောင်းဆန်လှသည်။ သူသည် ဘယ်တော့မှ ညစ်ပတ်သောပြက်လုံးများရယ်စရာများကို ပြောလေ့မရှိ။ အခြားသူများပြောလျှင်လည်း နားမထောင်တတ်ပေ။

သူသည် မိမိအ၀တ်အစားများကို သန့်ရှင်းဖြူစင်အောင် ကိုယ်တိုင်လျှော်ဖွတ်၍ လုံချည်များကို မိမိ အိပ်ရာအောက်တွင် ဖြန့်ကာ ခေါက်ရိုးကျကျပြန့်နေအောင် လုပ်လေ့ရှိ၏။

မည်သူနှင့်မျှလည်း ရန်မဖြစ်တတ်။ သူများ အတင်းအဖျင်းကိုလည်း ပြောဆိုလေ့မရှိ၍ သူ့ကို လူတိုင်းက ခင်မင်ကြသည်။

စာကြိုးစားသည့်ဘက်ကဆိုလျှင် သူသည်အလွန်ဝီရိယရှိသည့်အတိုင်း အတန်းထဲတွင်လည်း စာတော်သူတစ်ယောက်ဖြစ်သည်။

သို့သော် …. မိမိ မည်မျှတော်သည်။ ထူးချွန်သည်ကို ကိုသန့်သည်ဘယ်တော့မှ ထုတ်ဖော်၍ မပြောတတ်ပါ။ ထင်ပေါ်မှုကို ကိုသန့်သည် အလွန်မုန်း၏။

ကိုသန့်၏ အရည်အချင်း ထူးချွန်မှုများသည် သူ့ကိုထင်ပေါ်စေရန် အထောက်အကူဖြစ်နေသည်။ ထင်ပေါ်မှုကို မလိုလားသော ကိုသန့်သည် ရန်ကုန်တက္ကသိုလ် ဒဿနိကဗေဒအသင်းကြီးတွင် တွဲဖက် အတွင်းရေးမှူးအဖြစ် ရွေးကောက်တင်မြှောက်ခြင်း ခံရလေသည်။

ထို့ပြင် စာပေနှင့်စကားရည်လုပွဲအသင်းကြီး၏ အထွေထွေအတွင်းရေးမှူးလည်း ဖြစ်လာသည်။

ကိုသန့်သည် သတင်းစာများသို့ အယ်ဒီတာထံ ပေးစာများ၊ ဆောင်းပါးများ ရေးသားပေးပို့ခြင်းဖြင့် တက္ကသိုလ်တွင် ရှိစဉ်ကပင် မိမိဆန္ဒသဘောထားများကို လွတ် လွတ်လပ်လပ် တင်ပြခဲ့သည်။

၁၉၂၈ ခုနှစ်၊ ကိုသန့် ဥပစာတန်းစာမေးပွဲကို အောင်မြင်သောအခါတွင် အမှတ်ကောင်းစွာဖြင့် အောင်မြင်ခဲ့၏။ ဤသို့ဖြင့် သူသည် အသက် ၁၉နှစ်တွင် ပန်းတနော် သို့ပြန်၍ အထက်တန်းပြဆရာအဖြစ်ဖြင့် အမျိုးသားအထက်တန်းကျောင်းတွင် ဆောင်ရွက်ခဲ့သည်။

ညီငယ်များအပေါ် ညှာတာသည့်ကိုသန့်၏စိတ်ထားကို အထူးသိသာနိုင်သည်။ ၁၉၂၈ ခုနှစ်၊ ကိုသန့်၏ အောက် အသက် ၂နှစ်ခန့်ငယ်သော ကိုခန့်သည် ဆယ်တန်းစာမေးပွဲကို အောင်မြင်လာသည်။

ကိုသန့်သည် ကိုခန့်ပညာဆက်လက်သင်ကြားရေးအတွက် မိမိကိုယ်ကျိုးအနစ်နာခံပြီး ထိုနှစ်တွင် တက္ကသိုလ်ကျောင်းမှ ထွက်ခဲ့လေသည်။

မိမိညီဖြစ်သူ ကိုခန့်ရန်ကုန်တက္ကသိုလ်သို့ တက်ရောက်၍ ပညာဆက်လက်သင်ကြားသောအခါ မိမိရော၊ မိမိညီဖြစ်သူပါ နှစ်ယောက်စလုံးပာာသင်စရိတ်မှာ မနည်း လှသည်ကိုလည်း ကိုသန့်နားလည်သည်။

တက္ကသိုလ်ကျောင်းသားနှစ်ယောက်၏ ပညာသင်စရိတ်ကို မိခင်ကြီးဒေါ်နန်းသောင်က ထောက်ပံ့ရန် များစွာပင်ပန်းနေမည်ကိုလည်း ကိုသန့်ခန့်မှန်းမိသည်။ ထို့ကြောင့် ထိုခေတ်က လူအများ အလွန်တန်ဖိုးထားကြသော ဘီအေစာမေးပွဲအောင်ရန်ဆန္ဒကို တစ်ပတ်လျှော့လိုက်၏။ အိုင်အေ (ဥပစာတန်း)စာမေးပွဲအောင် သောအချိန်တွင် ကိုသန့်သည် ရန်ကုန်တက္ကသိုလ် ဆက်လက်မတက်ပဲ ကျောင်းမှ ထွက်လိုက်ခြင်းဖြစ်သည်။

ထိုသို့ ကိုသန့်က ရန်ကုန်တက္ကသိုလ်မှ ထွက်လိုက်ရန်ဆုံးဖြတ်သည်ကို မိခင်ကြီးက သဘောသိပ်မတူ။

“သား …. လူကလေး မောင်သန့်ရယ် …. နောင် ၂ နှစ်သာ ကျန်တော့တာပဲ၊ တက္ကသိုလ်ကိုဆက်တက်ပြီး ဘွဲ့ရတဲ့အထိ ပညာသင်လိုက်ပါဦးကွယ်။ အမေတို့စီးပွား ရေးလဲ ဒီလောက်ချို့တဲ့ နေတာမှမဟုတ်ပဲ။”

ဒေါ်နန်းသောင်က သားကြီးကို ဤသို့ ယုယကြင်နာစွာ ပြောခဲ့သည်။ ကိုသန့်က မိခင်ဖြစ်သူအား မိမိ၏ ရည်ရွယ်ချက်ကို ဤသို့ ရှင်းပြခဲ့သည်။

“အမ ပြောတာလဲ မှန်ပါတယ်၊ ဒါပေမယ့် …. ကောလိပ်ကျောင်းသား နှစ်ယောက်ရဲ့စရိတ်ဆိုတာ နည်းတာမဟုတ်ဘူးနော်၊ အမ သိပ်ပင်ပန်းမယ်၊ ကျွန်တော်အလုပ်ထွက်လုပ်ချင်ပါပြီ၊ ညီလေး မောင်ခန့်ပြီးရင် နောက်အဆင့် တက်လာမဲ့ ညီတွေရဲ့တာဝန်ရှိသေးတယ်၊ ကျွန်တော် ကျောင်းထွက်ပြီး အမကိုလဲ သားလုပ်စာနဲ့ ကန်တော့ပါရစေဦး အမရယ် ……”

ကိုသန့်၏ ကျိုးကြောင်းမျှတသော စကားကိုမိခင်ဖြစ်သူမှာ လက်ခံရတော့သည်။ သာကြီးစိတ်မကောင်းမည်ကိုလည်း စိုးရိမ်သဖြင့် မိခင်ကြီးက “အေးကွယ် … သားကလဲ အမစိတ်ချမ်းသာစေချင်လို့ ဒီလို လုပ်ရတယ်ဆိုရင် လုပ်ပေါ့၊ သား ညီတွေရဲ့ တက်လမ်းကိုလဲ သားကြည့်သေး တာကိုး ….” ဟုသာ ပြောရတော့သည်။

ဤသို့ဖြင့် ကိုသန့်သည် ရုတ်တရက်ကျောင်းမှထွက်ခဲ့၏။ ကိုသန့်ကျောင်းထွက်ခြင်းကို သူငယ်ချင်း အပေါင်းအသင်းများက ကောင်းစွာမကျေနပ်ကြပေ။ လှေပြေးတုန်း တက်ကျိုးဆိုသလို ဖြစ်နေ၍ စိတ်မကောင်း ဖြစ်ကြသည်။ သို့သော် …. ကိုသန့်မှာကား မိမိစိတ်ကူးနှင့် မိမိဆုံးဖြတ်ပြုဆောင်ရသည် ဖြစ်သောကြောင့် ကျေနပ်နေသည်။ မိခင်ကြီးကို လုပ်ကျွေးသမှုပြုရတော့မည် ဖြစ်သောကြောင့် ကိုသန့်မှာ များစွာဝမ်းမြောက် ၀မ်းသာဖြစ်လျှက်ရှိပေသည်။ ကိုသန့်သည် ပန်းတနော်မြို့ အစိုးရအထောက်အပံ့ခံ အမျိုးသားအထက်တန်း ကျောင်းတွင် ၁၉၂၁ ခုနှစ်မှစ၍ အထက်တန်းပြဆရာအဖြစ်ပြန်လည် အမှုထမ်း ခဲ့ သည်။

ရန်ကုန်တက္ကသိုလ်မှ ကိုသန့် ထွက်လာပြီးနောက် သိကျွမ်းရသူများအနက် သူ့ကို အထူးခင်မင်သော ဗြိတိသျှအမျိုးသားကြီးတစ်ဦးရှိခဲ့သည်။ သူကား ဂျေအက်စ် ဖာနီဗယ် ဆိုသော ပုဂ္ဂိုလ်ကြီးဖြစ်သည်။ ထိုပုဂ္ဂိုလ် ကြီးမှာ အိန္ဒိယပဋိညာဉ်ခံဝန်ထမ်း (အိုင်စီအက်စ်)အဖြစ်မှ အငြိမ်းစားယူလာသူဖြစ်၍ အသက် ၅၀ ကျော်ရှိပြီ ဖြစ်သည်။ သူသည် ရန်ကုန်တက္ကသိုလ်ကျောင်းအနီးတွင် စာအုပ်ဆိုင်ဖွင့်ထား၏။

သူ့စာအုပ်ဆိုင်အမည်မှာ မြန်မာနိုင်ငံစာအုပ်အသင်းလီမိတက်ဖြစ်လေသည်။ ဖာနီဗယ်ကား စာပေ ၀ါသနာရှင်တစ်ဦးဖြစ်၏။ စာလည်းရေးသည်။ သူသည် မြန်မာ နိုင်ငံအနာဂတ်အတွက် အလွန်ပင် စေတနာ ရှိသူတစ်ဦးဖြစ်သည်။ ထိုအချိန်က မြန်မာနိုင်ငံ၏ ပညာရေးအဆင့်အတန်းမှာ အရည်အချင်းမှီရန် များစွာလိုသေး သည်ကို ဖာနီဗယ်သိသည်။ ဖာနီဗယ်သည် စာကြည့်တိုက်များ၊ စာဖတ်များကို တတ်နိုင်သမျှ ကြိုးစား၍ တည်ထောင်လေ့ရှိခဲ့သည်။ မြန်မာနိုင်ငံ ပညာပြန့်ပွားရေး အသင်းကြီးကို စတင်တည်ထောင်ခဲ့သူမှာ ဆရာကြီး ဖာနီဗယ်ဖြစ်သည်။ ဂန္တလောကမဂ္ဂဇင်းကိုလည်း စတင် တည်ထောင်ခဲ့၏။

သူသည် မြန်မာကျောင်းသားများအား အမျိုးသားစိတ်ဓာတ် ဖွံ့ဖြိုးရှင်သန်စေရန် ပထမဦးစွာ လှုံ့ဆော်ပေးခဲ့သော နိုင်ငံခြားသားတစ်ဦးလည်း ဖြစ်ပေသည်။ ဖာနီဗယ်သည် တက္ကသိုလ်ကျောင်းထွက် ကိုသန့်ကို အလွန်ချစ်သည်။ ကိုသန့်၏အရည်အချင်းကို သူအလွန်သဘောကျနှစ်သက်သည်။ ကိုသန့်၏ အနေအထိုင် အပြောအဆိုများကိုလည်း သူက တန်ဖိုးအလွန်ထားသည်။ ထို့ကြောင့် ဆရာကြီးက ကိုသန့်ကို ပြည်သူ့ဝန်ထမ်းစာမေးပွဲဝင်ရောက်ဖြေဆိုပြီး ရာထူးကြီးကြီးတစ်ခု ကို ယူပါရန် တိုက်တွန်းခဲ့၏။ အစိုးရအရာရှိ ဖြစ်လာလျှင် အမျိုးသားအထက်တန်းကျောင်းဆရာ ရာထူးထက် များစွာပိုလျှံသော လစာငွေကို ရမည်ဖြစ်ပေသည်။

သို့သော် … ကိုသန့်သည် အိုင်စီအက်စ်၊ ဘီစီအက်စ် စသော ပျိုတိုင်းကြိုက်သည့်နှင်းဆီခိုင်ရာထူးများကို လက်ခံရန် လုံးဝစိတ်မ၀င်စားပေ။ ထိုရာထူးများကို လိုချင် လျှင် တက္ကသိုလ်၌ နောက်ထပ် အနည်းဆုံး ၂ နှစ်ထပ်နေရဦးမည်ဖြစ်သည်။ ထို့ပြင်လည်း အမျိုးသားအထက်တန်း ကျောင်းဆရာတစ်ယောက်၏ လစာငွေမှာ မိမိအတွက် လုံလောက်မျှတသော လစာဟု ကိုသန့်က ထင်သည်။ အမျိုးသားအထက်တန်းကျောင်းဆရာဘ၀တွင် အစိုးရအရာရှိထက် ပိုမို၍ လွတ်လပ်စွာ စာပေ ဆောင်းပါး ကဗျာ ၀တ္တုအစုစုကို ရေးသားနိုင်မည်လည်း ဖြစ်သည်ဟု ကိုသန့်က ယူဆသည်။ သတင်းစာဆရာ၊ စာရေးဆရာဘ၀ကို မျှော်မှန်းတောင်တသော ကိုသန့်သည် အစိုးရရာထူးကိုမမက်။ တက္ကသိုလ်တွင် ၂ နှစ်သာနေပြီး ကျောင်းဆရာထွက်၍ လုပ်ရန်သာ သန္ဒိဋ္ဌာန်ချလိုက်ခဲ့ခြင်းဖြစ်သည်။

သို့သော် ကိုသန့်သည် ရန်ကုန်တက္ကသိုလ်နှင့် အဆက်အသွယ်မပြတ်ပေ။ ထိုအချိန်တွင် ကိုသန့်၏ ညီဖြစ်သူ ကိုခန့်သည် ရန်ကုန်တက္ကသိုလ်သို့ တက်ရောက်နေပြီ။ ဆရာကြီး ဖာနီဗယ်နှင့် ကိုခန့်တို့သည် ကိုသန့်၏ ဆောင်ရွက်ပေးမှုကြောင့် သိကျွမ်းနေကြပြီဖြစ်လေသည်။

ကိုသန့်သည် အမျိုးသားအထက်တန်းကျောင်းဆရာအဖြစ် အမှုထမ်းနေစဉ် သမိုင်း၊ အင်္ဂလိပ်ဘာသာ၊ ပြည်သူ့နီတိနှင့် သင်္ချာဘာသာများကို သင်ကြားပို့ချပေး သည်။ သူသည် ကျောင်းသားတွေကို ကျောင်းသင် ပညာရပ်များကို သာမာန်သာ သင်ကြားပို့ချပေးခြင်းမဟုတ်။

ယင်းအချိန်က မြန်မာကျောင်းသားများအတွက် အထူးလိုအပ်သော နိုင်ငံရေးဗဟုသုတနှင့် သမိုင်းဆိုင်ရာ လေ့လာဖွယ်ရာများကိုလည်း အထူးသင်ကြားပေးသည်။ ကျောင်းသားများအား မျိုးချစ်စိတ်ဓာတ်နှင့် အမျိုးသားရေး ကြိုးပမ်းဆောင်ရွက်လိုစိတ်များ ပေါ်ပေါက်လာစေရန် လှုံ့ဆော်အားပေးခြင်းလည်း ပြုခဲ့၏။ ကိုသန့်သည် ကျောင်းသားများအား သမိုင်းသင်ကြားပေးရာတွင် ရှေးမြန်မာမင်းတို့၏ ချွတ်ယွင်းချက်များ၊ အမြင်ကျဉ်းမှုများ၊ ဘုန်းတော်ဘွဲ့ကိုသာ နားထောင်၍ တိုးတက်သော ဆောင်ရွက်မှုများမှ လွဲဖယ်နေမှုများကို ထောက်၍ပြသည်။

အတိတ်ဖြစ်စဉ်ကို ကြည့်၍မှားယွင်းသောအယူအဆများကို တပည့်များတို့ပယ်စွန့်စေရန် လမ်းပြပေးသည်။ တစ်ချိန်တည်းမှာပင် သူသည် မျက်မှောက်ခေတ် အုပ် ချုပ်သူအစိုးရ၏ ချွတ်ယွင်းချက်များကိုလည်း ဆွဲနုတ်၍ပြလေသည်။ ကျောင်းသားတို့ကို အမျိုးသားစိတ်၊ အမျိုးသားရဲမာန် ထကြွ စေအောင် အမြဲသင်ပြလှုံ့ဆော် ပေး၏။

ထိုစဉ်က လန်ဒန်မြို့မှ ထုတ်ဝေသော ဗြိတိန်မဂ္ဂဇင်းတစ်စောင်မှ ဖွဲ့စည်းသည့် “လက်ဝဲစာပေကလပ်”စာပေအသင်းသို့ ကိုသန့်သည် အသင်းသားတစ်ဦးအဖြစ် ၀င်ရောက်ခဲ့၏။ သူကား မြန်မာနိုင်ငံ၏ ပထမဆုံးသော အသင်းဝင်ပေတည်း။ ကိုသန့်သည် အမျိုးသားကျောင်းဆရာအဖြစ် အမှုထမ်းနေစဉ် စာကိုဖတ်လည်းဖတ်၊ ရေးလည်းရေးခဲ့သည်။ ကိုသန့်ရေးသောစာများမှာ ပုံနှိပ်ထုတ်ဝေသည့် မဂ္ဂဇင်းများသို့ရောက်သည်လည်းရှိသည်။ မိမိ၏ နေ့စဉ်မှတ်တမ်းအဖြစ် စာတစ်စောင်ပေ တစ်ဖွဲ့ ရေးမှတ်သည်များလည်း ရှိခဲ့သည်။

ကိုသန့်နှင့် ဆရာကြီး ဖာနီဗယ်တို့သည် မကြာခဏပင် တွေ့ကြ၏။ ကိုသန့် ရန်ကုန်သို့ လာသည့်အခါတွင်လည်း တွေ့ကြ၊ ဖာနီဗယ်က မအူပင်တို့ သွားသည့် အခါလည်း တွေ့ကြ၏။ တစ်ခါတွင် ဆရာကြီး ဖာနီဗယ်သည် မအူပင် စာကြည့်ပိဋကတ်တိုက်ဖွင့်ပွဲသို့ အရေးပိုင် (C.H.Davis)က ဖိတ်ကြား၍ ရောက်လာခဲ့သည်။ ထိုအခါတွင် ဆရာကြီးက တွေ့ဆုံသိကျွမ်းရသော ကျောင်းဆရာများအား မိမိတပည့် မိတ်ဆွေကိုသန့်၏ အရည်အချင်းထူးတစ်ရပ်ဖြစ်သော ဘာသာပြန် ကျွမ်း ကျင်မှုကို ချီးကျူးလေ့ရှိသည်။ ဆရာကြီးသည် ကိုသန့်၏ ဘာသာပြန်စာပေများ၊ ဂန္တလောကမဂ္ဂဇင်းတွင် ဆုများရနေသည်ကို အလွန် ၀မ်းသာနေလေသည်။

အမျိုးသားအထက်တန်းကျောင်းတွင် ကိုသန့်အမှုထမ်းနေစဉ် ကျောင်းအုပ်ဆရာကြီးရာထူး လစ်လပ် သောအခါ၌ ကိုသန့်သည် ဦးနုထံသို့လှမ်းပြီး စာရေးအ ကြောင်းကြားခဲ့သည်။ ဤသို့ဖြင့် ဦးနုသည် ပန်းတနော်သို့ ကျောင်းအုပ်ဆရာကြီး (အုပ်ချုပ်ရေး) အဖြစ် ရောက်ရှိလာသည်။ ကိုသန့်နှင့် ဦးနုတို့သည် ညနေတိုင်း စာပေ ဆွေးနွေးခြင်း၊ လမ်းလျှောက်ခြင်းဖြင့် အလွန်ပင် ပျော်ရွှင်ကျေနပ်လျှက်ရှိခဲ့ကြသည်။

မိမိ ပညာရင်နို့ သောက်စို့ခဲ့ရသော အမျိုးသားအထက်တန်းကျောင်းတွင်ပင် ပြန်၍ ကျောင်းဆရာလုပ်ရ သဖြင့်လည်း ကိုသန့်မှာ အထူးကျေနပ်ဝမ်း သာဖြစ်ရ ပြန် လေသည်။ ကျေးဇူးရှင် အမျိုးသားကျောင်းတော်ကြီးကို မိမိတတ်ကျွမ်းသမျှ ပညာဖြင့် ကျေးဇူးဆပ်သည့်နှယ် ကျောင်း၏ အမှုတော် ထမ်းရွက်ခွင့်ရသဖြင့်လည်း ဖြစ်ပါချေသည်။ ဤသို့ဖြင့် ကိုသန့်သည်အမျိုးသား အထက်တန်းကျောင်း အထက်တန်းပြဆရာ ဦးသန့် ဖြစ်ခဲ့ပေပြီတည်း။

 တက္ကသိုလ်စိန်တင်

(တက္ကသိုလ်စိန်တင် ရေး ကမ္ဘာ့ငြိမ်းချမ်းရေးဗိသုကာ ဦးသန့်)

Auto Respon ကို Date နဲ့သက်မှက်ရအောင်

1.မိမိ Gmail ကို Sign In လုပ်လိုက်ပါ။
2.Setting ကို ထပ် click လိုက်ပါ။
3.Vacation responder အကွက်မှာ Vacation responder on ကို click လိုက်ပါ။ First Day အကွက်မှာက မိမိ စပြီ Responder လုပ်စေချင်တဲ့ Date ကို ရွေးချယ်ပေးပါ။ End မှာကတော့ မိမိ Responder လုပ်တဲ့အကြောင်း ဘယ်နေ့မှာ ရပ်စေချင်လဲဆိုတာကို ရွေးချယ်ပေးလိုက်ပါ။ Subject မှာတော့ မိမိ ရေချင်တဲ့ အကြောင်းအရာ တစ်ခုခုရေးလိုက်ပါ။ မရေးလဲ ရပါတယ်။ Message မှာတော့မိမိ ဘယ်သွားနေလို့ ဘာလုပ်နေလို့ဆိုတာကို ရေးလိုက်ပေါ့။

4.ပြီးရင်တော့ Save Changes ကို click လိုက်ပါ။ ပြီးပါပြီ။

မြန်မာပြက္ခဒိန်

မြန်မာပြက္ခဒိန် java script နဲ့ရပီ

http://www.soemin.net/2009/07/myanmar-calendar-in-javascript-ported.html မှာ ၀င်လေ့လာလို့ရပါတယ်

မြန်မာပြက္ခဒိန် web service နဲ့ သူရိယသိဒ္ဓန္တ ဂြိုဟ်သွား web service

မြန်မာပြက္ခဒိန် web service ကို တင်ပေးလိုက်တယ်.... အမှားတွေပါလာ ရင် ပြောပေးကြဖို့ ပါ .. link ကတော http://www.myanmarcalendar.com/default.asmx ပါ သူရိယသိဒ္ဓန္တ ဂြိုဟ်သွား web service ပါ အဆစ်ထည့်ပေးလိုက်ပါတယ် Ref
http://www.myanmaritpros.com/group/myanmarcalendar/forum/topic/show?id=1445004%3ATopic%3A83027&page=1&commentId=1445004%3AComment%3A83102&x=1#1445004Comment83102

့html ဘယ်လို ရေးမယ်သင်တဲ့ site ပါ

satellite ကနေ မိမိချစ်သူဘာလုပ်နေတယ်ဆိုတာကြည့်ရအောင်

ဒီနေ့ ခေတ်အား IT ခေတ်ဆိုတဲ့ အတိုင်း အရမ်းတိုးတက်တာ အံ့သြသင့်စရာပါပဲ …..

အခုပဲ satellite ကနေ မိမိချစ်သူဘာလုပ်နေတယ်ဆိုတာ အလွယ်တကူကြည့်လို့ ရပါတယ် ..

ဘာမှမလိုအပ်ပါဘူး .. မိမိချစ်သူရဲ့ ဖုန်းနံပါတ်ကို ရိုက်ထည့်ပေးယုံပါပဲ ..

satellite ကနေဖုန်း Network နဲ့ ချိတ်ဆက်ပြီး ရှာဖွေပေးတာပါ ..

ကော်နက်ရှင် အရမ်းကောင်းစရာလဲ မလိုပါဘူး ..

လုပ်နည်းကတော့ Countery ကိုရွေး ၊ ပြီးရင် မိမိချစ်သူ ဖုန်းနံပါတ်ကိုထည့် ဒါဆိုရပါပြီး
..

ကဲ … ကြည့်ချင်ရင်တော့ အောက်ကလင့်ကို ပြေးပေးတော့ဗျို့

http://www.themobiletracker.com/english/index.html

စိမ်းကြည့်လိုက်နော်

သူငယ်ချင်းတစ်ယောက်ကပြောလို့ 

စက်ရုပ်နဲ့ စကားပြောမယ်...........Online မှာ ........

ကဲ................
အင်္ဂလိပ်စာတိုးတက်ချင်လို့  ၊ ပျင်းလို့
စတဲ့အကြောင်းအရာတွေကြောင့်ဘဲဖြစ်ဖြစ်.......
မသိသေးလို့ စမ်းကြည့်ချင်တာဘဲ
ဖြစ်ဖြစ်.....
စက်ရုပ်နဲ့  အင်္ဂလိပ်လိုစကားပြောလို့ရပါတယ်...
Online မှာ
သူငယ်ချင်းတွေမလာလို့၊
ပျင်းပြီးစကားပြောစရာမှရှိရင်.....စက်ရုပ်နဲ့ စကားပြောနိုင်ပါတယ်၊
ဟာသတွေကို ပြောတတ်သလို

ကိုယ် မနေ့ ကသူနဲ့  စကားပြောခဲ့ရင် နောက်နေ့သူကို
ပြန်မေးရင်သူကသိနေတယ်..တော်တော်ကိုပျော်စရာကောင်းပြီး အင်္ဂလိပ်စာတိုးတက်ဖို့ 
အဓိက ရည်ရွယ်ချက်ဖြစ်ပါတယ်....
ပျော်စရာကောင်းပြီး၊ဟာသတွေတွေ့နေရင်လဲ ပြန်ပြီး
comment လေးပေးခဲ့ပါ...
သူတို့ ရဲ့  မျက်နှာပေါ်မှာ mouse ကိုတင်ပြီးရွေ့ရင်လဲ
လိုက်ကြည့်တက်ပါတယ်....

ပြောနေတာကြာပါတယ်.....လက်တွေ့အောက်က
လင့်လေးမှာသွားကြည့်နော်
..

http://www.rong-chang.com/tutor.htm (စက်ရုပ်ကိုကိုနဲ
့ပြောချင်ရင်)

http://showcase.pandorabots.com/pandora/talkbot?subid=b33bd02e7e345cdb
(စက်ရုပ်မမနဲ့ ပြောချင်ရင်)

ဒီပို့စ်လေးကတော့ တော်တော်ကြာပါပြီ ... သူငယ်ချင်းတွေ အတွက် ပြန်လည်မျှဝေပေးတာပါ ..။

အသုံးဝင်ချင်ဝင်ပါလိမ့်မယ်

ကိုရေးစာမျက်နှာများကိုပြုပြင်ချင်ရင်ဒီဆိုက်ဒ်လေးတစ်ခုတော့သိတယ်......

http://www.glitter-graphics.com/myspace/text_generator.php

မိန်းကလေးများကို ဆွဲဆောင်နည်း

၁- ချီးကြူးပါ၊(မြှောက်သင့်လျှင်မြှောက် :-D )။
၂- ကြင်နာစွာနမ်းပါ။(အဝေးရောက်နေရင်တောင် ယင်ကောင်အနမ်း(flykiss) ပေးပါ)။
၃- ဂရုစိုက်ပေးပါ။( ကျီးထိုးထိုး၊ ခွေးစားစား ပစ်မထားပါနဲ့)။
၎- ပျော်အောင်ထားပါ။( ဟာသာများများဖတ်၍ ရယ်စရာပြောပါ။ မရယ်လျှင်
ကလိထိုး၍ရယ်ခိုင်းပါ)။
၅- သူမ အပေါ်အလေးအနက်ထားပါ၊( ဟန်ဆောင်ပန်ဆောင်လေးပေါ့)။
၆- သူမ အတွက် $ များများသုံးပါ၊( အိမ်မှာ ရေသောက်ဗိုက်မှောက်နေပြီး
စုဆောင်းထားသမျှ ဖွန်ကြောင်ခြင်းတွင်သုံးပါ)။
၇- သူမ ကြိုက်တတ်သည့်အစားအစာများကို ကျွေးပါ( စားသောက်ဆိုင်မသွားခင်
မိမိတွင် $ မလုံလောက်ဟုထင်ပါက သူငယ်ချင်းထံမှ လည်ပင်းညှစ်ခဲ့ပါ၊
မိန်းကလေးများ အစားကြီးသော်ကြောင့်ဖြစ်ဧ။်)။
၈- သူမ အတွက် အမြဲအဆင်သင့်ရှိနေပါစေ၊( ထမင်းဆာတယ်ဆိုလျှင် ခူးပြီးပါပြီ
ဖြစ်နေရမည်)။
၉- သူမ စကားကို နားထောင်ပါ၊( ပေါက်သင်ညိုကို အတုယူ၍ အမြဲခေါင်းညိမ့်ပါ၊
ကွယ်ရာတွင် လုပ်ချင်ရာလုပ်ပေါ့)။
၁၀-သူမ ပြောသမျှကို အမြဲထောက်ခံပါ( အခြားသူများက သူမအား ငပေါဟု မြင်လာ၍
သူမအားထောက်ခံသောသင့်အား တပည့် 
မွေး ပါလိမ့် မယ်)။
၁၁-သူမ အတွက်ဆိုလျှင် ကမ္ဘာအဆုံးထိသွားပါမည်။ ကောင်းကင်ကို ဒူးနဲ့
တိုက်ပါမည်၊ မိုးကြိုးပစ်လျှင် မိုးကြိုးကို ဒိုင်ဗင်ပစ်ဖမ်းပေးမည်ဟု
ကြွေးကျော်ပါ။( တကယ်လုပ်လို့ရတာမှ မဟုတ်ပဲ ၊ တွေးမကြောက်ပါနှင့်)။
ဤကား မိန်းမတို့အား ဆွဲဆောင်နည်းတည်း။

Web Site 167 ခုနဲ့ သင်လိုရာကို သွားလိုက်ပါ...

1. www.myanmarengineer.org
2.www.mysteryzillion.org
3. www.myanmaritpros.com
4.www.mmitdevelopment.co.cc
5. http://forums.nativemyanmar.net
6.www.mmopenxteam.com
7. www.myanmarfamily.org
8.www.myanmarnetworknews.com
9. www.kopyaesone.co.cc
10.http://myanmarbloggersociety.ning.cm
11. www.myanmaronlinezone.net
12.www.eyesforlife.ning.com
13. www.itmgmg.com
14.www.myanmarchatonline.com
15. http://myantel.co.cc
16.https://shweone.wordpress.com
17.www.pendriveapps.com ( PortableSoftware)
18.http://aungthulinn.ning.com
19.www.htootayzar.com
20.http://blog.atmicdevelopment.net
21. www.manawthar.com
22.www.mydigitallife.info
23. http://myatlone.blogspot.com
24.www.mmso.org
25. www.myanmaritresource.info
26.www.myanmardaily.net
27. www.myanmarglaxy.com
28.www.nyilynnseck.com
29. http://itmen.myanmarbloggers.org
30.www.nyinaymin.com
31. www.myanmarnlp.org.mm
32.http://alinyaung.org
33.https://iteainmackchitthu.wordpress.com
34. http://foolit.forumotion.com
35.http://easywhois.com
36.http://daywalker.myanmarbloggers.org
37. https://daweithar.ning.com
38.www.itmyanmar.co.cc
39. www.magwaythar.co.cc
40.http://kotzp.co.cc
41. http://blackeagles.22web.net
42.http://linhtet.com
43.www.myanmarcupid.net
44.www.crystalrays.org
45. www.effectgenerator.com
46.www.soemin.net
47. http://lupyogyi.info
48.www.allchannel.com
49.www.mysuboo.com
50.http://mmblogpress.com
51.www.itworks.co.cc
52. www.engineer4myanmar.com
53.www.english4myanmar.com
54. www.royal-myanmar.com
55.www.autocad4myanmar.com
56. www.it4mm.net
57.www.myanmartraining.com
58. http://itexamcollection.com
59.www.certfiles.com
60. www.mmcybermedia.com
61.http://edumysteryzillion.org
62. www.mmgeeks.org
63.www.myanmarinternetjournal.com
64. www.creatingonline.com
65.www.mcpamyanmar.org
66. http://technical-seven.com
67.www.visualcertexam.com
68. http://mrdba.info
69.www.myanmarprogrammers.com
70. http://kozaw357.multiply.com
71.http://beta.eyeos.info
72. www.yatanarpon.com.mm
73.www.favoritus.com
74. www.myanmar-friend.ning.com
75.www.notebookofstarryprince.co.cc
76.www.thanzinhlaing.com
77.www.htm2pdf.co.uk
78. http://taryarpwagye.ning.com
79.www.myanmarlensman.com
80.https://alinyoung.wordpress.com
81. https://www.pdf-tools.com/osa/repair.aspx
82.http://photoshop.multiply.com
83. http://student.mmblogs.net
84.www.dhammadownload.com
85. www.softlistnet
86.http://myanmaritzone.ning.com
87. http://mmopenlibrary.com
88.http://kopyai.ning.com
89. http://mistake51area.ning.com (https://www.m51a.com)
90. http://zawtk.mylovecafe.net
91.www.myanmarlensman.com
92. www.captainzero.webs.com
93.http://aungmyo21.multiply.com
94. http://tsmunpi.multiply.com
95.http://tgderic.multiply.com
96. http://thetnaing.myanmarbloggers.org
97. www.phyowaizaww.co.cc
98. http://www.fspro.net
99.www.targyi.co.cc
100.https://pyaephyonaing.wordpress.com
101. www.komyatmm7.co.cc
102. http://aungnaingthu83.multiply.com
103.http://moetain1989.blog.friendster.com
104. www.naisithu.co.cc
105. www.konaymyo.com
106.www.ogresite.com
107. http://sites.google.com/site/nnyioo
108. http://pintkueeain.pookeo.net
109. www.myanmar-zawko.co.cc
110. www.apytz.net
111.https://ktlinn2008.wordpress.com
112. www.zaylayworld.co.cc
113.www.zawlynnhtun.page.tl
114. www.mandalaygazette.com
115.www.tyalife.com
116. https://mmwordpress.com
117.www.worldwidemyanmar.com
118. www.planetcreater.net ( Eng Ver)
119. http://serversniff.net
120. www.windowsnetworking.com
121.http://mm3xpl0it.co.cc (zero)
122. www.zaung.net
123.www.zaw357.net
124.httpmultiply.com
125.www.myidgroup.org
126. www.myanmaritmen.com
127.http://pikay.myanmarbloggers.org
128. http://nyinyi.myanmarbloggers.org
129. www.waidar.co.cc
130. www.gipsy3.co.cc
131.www.zarnimaung.co.cc
132. http://kozin.yolasite.com
133.http://itmen.myanmarbloggers.org
134. www.photartay.com
135.http://yethusoe.mylovecafe.com
136. http://kanaung.com
137.www.mghla.net
138. http://ypp51area.yolasite.com
139.http://lettwebaw.mylovecafe.net
140.http://laytakhon.mylovecafe.net
141.www.z-thegardener.com
142. www.thuriya.org
143.www.sitandread.com
144.www.myanmars.net
145.www.w3schools.com
146.www.tulay.net
147.https://mmitdev.com
148.http://knowfree.net
149.www.shwekyunthar.com
150. www.chapterface.webs.com
151.www.englishforum.com
152. www.hinnlin.co.cc
153.www.software.moeeaintphyu.net
154. www.kothurein.co.cc
155.www.mmphotoshop.net
156. www.myanmargenius.com
157.http://koprince.isgreat.org
158. http://myanmarspace.com
159.www.padonma.com
160. www.myanmar-channel.com
161.http://mybookface.net
162. www.kkz-ratha.co.cc
163.https://ktlinn2008.wordpress.com
164. www.phoelapyae.com
165.www.loopavoidance.com
166.https://manawphyulay.wordpress.com
167. www.mgkyawswarnyein.net

View older posts »

Go Back

Comment